မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

ရည်မှန်းချက် နှင့်တာ၀န်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေးအတွက် နိုင်ငံတော်နှင့်ဒေသအတွင်း လိုအပ်သော IT ပညာရှင်များ မွေးထုတ် ပေးနိုင်ရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော မျိုးဆက်သစ်လူငယ်များအား ပျိုးထောင်ရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)ကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ယင်းရည်ရွယ် ချက်များဖြင့် မွေးထုတ်ပေးလျက်ရှိရာ၌ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)အနေဖြင့် ၂၀၁၄-၂၀၁၅ခု ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၁၀)ဦး ပညာသင်ကြား ပေးလျက်ရှိပြီး၊ လက်ရှိစာသင်ခန်းအနေအထားများအရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၃)ဦးခန့် လက်ခံသင်ကြားပေးနိုင်သည့် အခြေအနေဖြစ်ပါကြောင်း အစီရင်ခံတင်ပြအပ်ပါ သည်။

(က)  မိမိတို့နိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ပညာရပ်များအား ပို့ချပေးနိုင်သည့်သင်တန်းများဖွင့် လှစ်ပေးနိုင်ရေး မူဝါဒများချမှတ်ဆောင်ရွက်

(ခ)    ပညာရပ်ဆိုင်ရာ အရည်အသွေးအဆင့်အတန်းများ မြှင့်တင်ရေးလုပ်ငန်းများအတွက် မူဝါဒများ ချမှတ်၍ ဆောင်ရွက်ရန်၊

(ဂ)    တက္ကသိုလ်ဆရာများ၏အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများအတွက် မူဝါဒများချမှတ်၍ ဆောင် ရွက်ရန်၊

(ဃ)  သင်ကြားရေး၊ သုတေသနပြုရေး၊ ကာယဥာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မူဝါဒများချမှတ်၍ ဆောင်ရွက်ရန်၊

(င)    တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများအား အရည်အသွေးအဆင့်အတန်း မြင့်မား ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရန်၊

(စ)    ပညာရေး အရည်အသွေး အကဲဖြတ်မှုလုပ်ငန်းများတွက် မူဝါဒများချမှတ်၍ ဆောင်ရွက်ရန်၊

(ဆ)  တက္ကသိုလ်၏ ဘွဲ့ဒီဂရီများ၊ အောင်လက်မှတ်များ၊ဒီပလိုမာလက်မှတ်များ၊ ဒီပလိုမာဘွဲ့များအပ်နှင်း နိုင်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရန်၊