နောက်ခံသမိုင်း

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ကို ၂၀ဝ၀ပြည့်နှစ်၊ စက်တင်ဘာလ  ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးတွင် အစိုးရ ကွန်ပျူတာကောလိပ်(စစ်တွေ)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ဧပြီလတွင် အစိုးရနည်းပညာကောလိပ်(စစ်တွေ)ဝင်းအတွင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပါသည်။ ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာ တက္ကသိုလ်(စစ်တွေ) အဖြစ်သို့ တိုးမြှင့် ဖွင့်လှစ် ခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ကို အောက်ပါရည်ရွယ်ချက်မျ

ားဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

(က)    မြန်မာနိုင်ငံအားခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရေး အတွက် ကွန်ပျူတာ Hardware နှင့် Software  များတီထွင်ခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနှင့် အသုံးပြုခြင်းများကို လက်တွေ့ လုပ်ဆောင်နိုင်သော ကျွမ်းကျင် ပညာရှင်များပိုမိုမွေးထုတ်ပေးနိုင်ရန်

(ခ)     ရရှိလာသောကွန်ပျူတာပညာရှင်များမှ ထူးချွန်သူများအား အဆင့်မြင့် ပညာရှင်များအဖြစ်  ပြုစုပျိုးထောင်ရန်

(ဂ)     အဆင့်မြင့်ပညာရှင်များကိုအသုံးပြုပြီး နိုင်ငံအကျိုးပြု သုတေသန လုပ်ငန်းများ Information Technology ဆိုင်ရာသုတေသနနှင့် တီထွင် ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်

(ဃ)    နိုင်ငံတော် တစ်ရပ်လုံးတွင် ကွန်ပျူတာအသုံးပြုမှု တွင်ကျယ်စေရေး ဆောင်ရွက်ရန်